Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပင်းတယမြို့နယ်၌ အရင်းမပျောက်ပံ့ပိုးငွေဖြင့် သွင်းအားစုမြေဩဇာများ ပေးအပ်


28 Mar,2024

ပင်းတယ မတ် ၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်သမဝါယမဦးစီး ဌာနသည် ပြည်နယ်အစိုးရမှရရှိသည့် ငွေလုံးငွေရင်းရန်ပုံငွေမှ အရင်းမပျောက်ပံ့ပိုးငွေဖြင့် သွင်းအားစု မြေဩဇာပေးအပ်ပွဲအခမ်းအနားကို ကျားကုန်းစံပြကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဒုတိယ ဗိုလ်မှူးကြီး ဟိန်းထက်ဇော်က အဖွင့်အမှာစကားပြောကြားပြီးနောက် ပင်းတယမြို့နယ်သမဝါယမဦးစီး ဌာန၊ မြို့နယ်ဦးစီးမှူးက ကျားကုန်းစံပြကျေးရွာ၊ အောင်မြင်သစ်စိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်း သမဝါယမအသင်းသားများသို့ ပံ့ပိုးပေးခဲ့မှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်ပြီး ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ဟိန်းထက်ဇော်နှင့်တာဝန်ရှိသူများက အသင်းသားတောင်သူများအား သွင်းအားစုမြေဩဇာများကို ပေးအပ်ခဲ့ကြပြီး အသင်းဥက္ကဋ္ဌက သွင်းအားစုမြေဩဇာများပေးအပ်ခြင်းနှင့်ပတ်သက်၍ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်(၁)နှင့် တာဝန်ရှိသူများ၊ ဒေသအဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်မှုကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌနှင့်အမှုဆောင်များ၊ ပင်းတယမြို့နယ်သမဝါယမဦးစီး ဌာနမှ တာဝန်ရှိသူများနှင့် သမဝါယမအသင်းသားတောင်သူများ  စုစုပေါင်း ၁၅၀ ဦး တက်ရောက်ခဲ့ပြီး အသင်းသားတောင်သူများ၏ စိုက်ပျိုးဧက ၁၆၆ ဧကအတွက် မြေဩဇာ ၃၂၂ အိတ်၊ စုစုပေါင်းငွေကျပ် ၂၇၇ သိန်းတန်ဖိုးရှိ သွင်းအားစုများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm